ကိုချစ်မင်းသူ

အမည် ကိုချစ်မင်းသူ
အသက် 25
Date martyred March 11, 2021
Place fallen မြောက်ဒဂုံ ရန်ကုန် တိုင်းဒေသကြီး
နေရပ် မြောက်ဒဂုံ ရန်ကုန် တိုင်းဒေသကြီး

အသေးစိတ်

ကောင်လေးက တော်တော် တက်တက်ကြွကြွ ရပ်ရေးရွာရေးဆိုလည်း ရှေ့ဆုံးကပါတယ် ။ ကင်းဆိုလဲ သူ့အလှည့်ဟုတ်ဟုတ် မဟုတ်ဟုတ် ညတိုင်း ကင်းသမားတွေနဲ့ ထွက်ထိုင်ပေး၊ စကားပြောပေးတယ် ။ လမ်းရဲ့ ညသပိတ်ကလည်း သူကစတာ ။ ညဖက်ဆို သံပုန်းတီးပီးတာနဲ့ သံချပ်တွေကို သူပဲ စတိုင်ပေးတယ် ။ ဒါ​ပေမယ့် စိတ်ဓာတ်သာ တက်ကြွတာ လူကချို့တဲ့ရှာတယ် ။ တွန်းလှည်းတွန်းတယ် ။ တနေ့လုပ်မှ တနေ့စားရပြီး ဆန္ဒထွက်ပြတာပါ ။ သူတို့မိသားစုလေးကတော့ မကြာသေးခင်ကမှ မြောက်ဒဂုံ ၄၉ ရပ်ကွက် စောခွန်ရစ်လမ်းက ဆောက်ပြီးခါစတိုက်ခန်းကို ပြောင်းလာတာ ၊ လပိုင်းပဲ ရှိသေးတယ် ။ သူတို့အရင်အိမ်ကလဲ ၄၉ရပ်ကွက်ပါပဲ ၊ ဗိုလ်ထွန်းလင်းလမ်း ။ အဲ့မှာက အခုကောင်လေးမိဘတွေ နေတယ် ။ အဲ့ဘက်တွေက လုံးချင်း ခြံနဲ့ အိမ်ပဲ များတာ ၊ သူတို့ တိုက်ခန်းလေးက ဒုတိယမြောက်တိုက်ခန်းလေး ၊ ဆောက်ပီးတာတောင် မကြာသေးဘူး ။ လူနေခွင့်ရရချင်းပဲ ပြောင်းလာကြတာ ။ သူတို့မှာ ၃ နှစ်အရွယ် ကလေးလေး တယောက် ရှိတယ် ။ အခုလည်း ကောင်မ​လေးက ကိုယ်ဝန် ၂ လ လွယ်ထားရှာတာ ။ အခုတော့ ကောင်မလေးက ကောင်လေးမိဘတွေအိမ် ပြန်သွားရှာပီ ။ ခါတိုင်း သူတို့ လမ်းထဲက Taxi သမား ဦးလေးကြီးက သပိတ်နေရာကို လိုက်ပို့ပေးတော့ အဲ့ Taxi ကားနဲ့ပဲ အမြဲ သွားနေကြ ။ ဒီနေ့မှ ဖြစ်ချင်တော့ သူ့ သူငယ်ချင်းနဲ့ ချိန်းထားလို့ ဆိုပြီး သပိတ် ရှိတဲ့နေရာကို စောစော သွားလိုက်မိတာ ။ အဲ့ကနေမှ တဆင့် ဦးခေါင်းကို ကျည်မှန်ပြီး ဆုံးသွားရှာတာ ။ ကောင်လေး နာမည်က ချစ်မင်းသူ ။ အသက်က ၂၅ နှစ် ။ မြောက်ဒဂုံက သပိတ်စစ်ကြောင်းမှာ ဒီနေ့ ၁၁ ၃ ၂၀၂၁ မှာ ကျဆုံးသွားတဲ့ နောက်ထပ် အာ ဇာ နည် တယောက်ပါပဲ ။ လေးစားစွာ ဦးညွတ်ဂုဏ်ပြုလျက်ပါ ။ မြောက်ဒဂုံက ကျဆုံးသွားတဲ့အကို နေ့တိုင်းထွက်ပါတယ်။ သူ့အမေဆီကနေ မုန့်ဖိုး (၁၀၀၀) ဆိုပြီးလာတောင်းတယ်တဲ့၊ အဆောင်အနေနဲ့သံပရာသီးလေး အမေက ဒီနေ့ထည့်ပေးလိုက်တာတဲ့။ကျော်ပိုးအိတ်ထဲမှာ ကျည်ကာဖို့အတွက် စာအုပ်တွေထည့်ထားတယ်။ မိန်းမဖြစ်သူက မသွားဖို့တားတယ်။ သွားရင် ဗိုက်ထဲက ကလေးငါမယူဘူးနော်လို့ ပြောတဲ့ကြားက "မိန်းမရယ် ငါ့ကိုခွင့်လွှတ်ပါတဲ့၊ဒီမိုကရေစီအတွက်ပါ" တဲ့ 😓😓😓 ညနေ (၆) နာရီမှာဆုတောင်းပွဲလေး ပြုလုပ်‌ပါမယ်။
Photos 9

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.

Videos

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.

None
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင် သေနတ်ကျည်ထိမှန်ပြီး ကျဆုံးသွားသော ကိုချစ်မင်းသူ ၏ ဈာပနအခန်းအနား 13.3.2021 (10:…