ကိုဇော်ဇော်မိုး

အမည် ကိုဇော်ဇော်မိုး
အသက် 36
Date martyred March 12, 2021
Place fallen မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်း၊ မြခေမာကန်ရှေ့ ရန်ကုန် တိုင်းဒေသကြီး
နေရပ် မြောက်ဥက္ကလာပ ရန်ကုန် တိုင်းဒေသကြီး

အသေးစိတ်

ပြီးခဲ့သည့် မတ်လ ၁၀ရက်နေ့က ရဲတပ်ဖွဲ့နှင့် စစ်သားများ၏ ပစ်ခတ်ဖြိုခွင်းမှုတွင် ဆီးခုံကို သေနတ်ကျည်ဆံထိမှန်ပြီး ဆေးကုသမှု ခံယူနေခဲ့သော ကိုဇော်ဇော်မိုး (၃၆နှစ်)သည် ယနေ့ မတ်လ ၁၂ရက်နေ့ မနက်အစောပိုင်း၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ကိုဇော်ဇော်မိုးသည် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်း၊ မြခေမာကန်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆီးခုံဘယ်ဘက် ကျည်ဆံထိမှန်ခဲ့ကာ ပေါင်အရိုးကျိုး ဒဏ်ရာလည်း ရရှိခဲ့သည်။ "သူ့ကို ဖြစ်တဲ့ညကတည်းက ခွဲစိတ်ကုသမှု လုပ်ပေးခဲ့တာ။ ခွဲစိတ်မှုပြီးကတည်းက အလားအလာက ၅၀-၅၀ ပဲ ရှိခဲ့တာ။ သူ့ကို မြောက်ဥက္ကလာပဆေးရုံမှာ ကုသမှုပေးနေရင်း ဆုံးသွားတာပါ" ဟု အဆိုပါ နာရေးကိစ္စအတွက် ကူညီပေးနေသူ တစ်ဦးကပြောသည်။ အငှားယာဉ်မောင်းတစ်ဦးဖြစ်သော ကိုဇော်ဇော်မိုးသည် ကွယ်လွန်ချိန်တွင် ကလေး ၄ဦး ကျန်ရစ်ခဲ့သည်ဟုသိရသည်။