Mg Min Min Oo

အမည် Mg Min Min Oo
အသက် 17
Date martyred March 14, 2021
Place fallen မန္တလေး မန္တလေး တိုင်းဒေသကြီး
နေရပ် မန္တလေး မန္တလေး တိုင်းဒေသကြီး

အသေးစိတ်

မောင်မင်းမင်းဦး အသက် ( 17 )နှစ် 14-3-2021 နေ့တွင်ကွယ်လွန်သည်။ မောင်မင်းမင်းဦးက ကိုးတန်းကျောင်းသားပါ။14/3/2021နေ့မှာ 86*41 စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အတွင်းအကြမ်းဘက်စစ်တပ်၏ပစ်ခတ်မှုကြောင့်ဘယ်ဘက်ပေါင်ကိုသေနတ်ဖြင့်ထိမှန်ပြီး ဖမ်းဆီးခံခဲ့ရတာပါ။မိသားစုဝင်များမှ လိုက်လံစုံစမ်းခဲ့ပါသော်လည်းသတင်းတစုံတရာမရရှိခဲ့ပါ။(16/3/2021)နေ့မှ အမှတ်( ၇ ) ရဲစခန်းကိုမိသားစုမှာသွားရောက်စုံစမ်းရာမှ သေဆုံးကြောင်းသိရှိခဲ့ရပါသည်။ပိုင်ရှင်မဲ့အလောင်းအဖြစ်သတ်မှတ်ကာမိသားစုအားအသိမပေးဘဲအလောင်းဖြောက်ဖျက်ပစ်ခဲ့ပါသည်။ယခုအခါမိဘများမှာမိမိ၏သားအား dead body ပြန်မရယုံမကရုပ်အလောင်းကိုပင်မျက်စိနဲ့မြင်တွ့ခွင့်မရခဲ့ကြရှာ။ရဲစခန်းမှဓါတ်ပုံတစ်ပုံထုတ်ပြရာဓါတ်ပုံကြည့်ပြီးမိမိရဲ့သားသေဆုံးမှုကိုအတည်ပြုခဲ့ရပါတယ်။သေဆုံးဓါတ်ပုံကိုလည်းမိသားစုမှာကူးယူခွင့်မရှိခဲ့ပါ။ယခုအခါ dead body မရရှိဘဲ နာရေးပို့ဆောင်ရတော့မည်။