အမည် | ကိုအေးကျော် |
---|---|
အသက် | 30 |
Date martyred | March 17, 2021 |
Place fallen | တောင်ဥက္ကလာပ ရန်ကုန် တိုင်းဒေသကြီး |
နေရပ် | တောင်ဥက္ကလာပ ရန်ကုန် တိုင်းဒေသကြီး |
အသေးစိတ်
ဖြစ်စဉ် အကျဉ်း....၁၃ ရပ်ကွက် (၁၈) လမ်းနေအိမ်မှ ရွှေ သွားရောင်းရန် စက်ဘီးဖြင့် ထွက်လာစဉ် စစ်အာဏာရှင်များ၏ ပစ်ခတ်မှု့ကြောင့် ဝမ်းဗိုက်နှင့်နှလုံးကြား ကျည်ဆန် ထိမှန်သွားခဲ့ ပါသည် ..စစ်အါဏာရှင် လူသတ်အကြမ်းဖက် ပစ္စည်းလုအဖွဲ့မှ ကျည်ထိမှန် ထားသူ၏ ခန္ဓာ နှင့်တကွ ရောင်းရန် ပါရှိသွားသော ရွှေထည် ပစ္စည်းများ အါး ယူဆောင်ပြီး ညနေ (၅:၃၀) နာရီတွင် အိမ်ရှိ အမျိုးသမီးအါး ဖုန်းဆက်အကြောင်းကြားပြီး ခွဲစိတ်မှု့ အေါင်မြင်သည် ခွဲစိတ်ခန်းထဲကထွက်ပါပီ ကောင်းတာနဲ့ပြန်လွှတ်ပေးပါမည် အိမ်ကသူနာရီဝက်အတွင်းရောက်အောင်လာလို့ပြောလို့သွားပါတယ်ပေးမတွေ့ပါဘူးပေးစရာရှိတာပေးခဲ့လို့ ပြောဆိုခဲ့ပြီး ယနေ့ နံနက်တွင် သေဆုံးသွားသည်ဟု အကြောင်းကြား လာခဲ့ပါသည် ...
ယင်းကဲ့သို့ အကြောင်းကြားလာမှု့ကြောင့် အမျိုးသမီးမှာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ လိုက်သွားသော်လည်း အလောင်းအါး ပြန်ပေးခြင်းမရှိသေးသောကြောင့် ယင်းအမျိုးသမီးမှာ ယ္ခု ဆေးရုံတွင် ရှိနေရပါသည် ... အမျိုးသမီး မှာပြန်လာလို့မရသေးဘဲ အိမ်တွင်လည်း သမီး အငယ်လေး တဦးသာ ကျန် နေသောကြောင့် တဥ မိဘပြည်သူများ ကူညီ ပေးနိုင်ပါရန် တောင်းဆိုအပ်ပါသည်
source..လမ်းသားတဦး
Photos 2