ကိုချမ်းသာဆွေ (ခ) ကေဇဝင်း

အမည် ကိုချမ်းသာဆွေ (ခ) ကေဇဝင်း
အသက် 39
Date martyred March 3, 2021
Place fallen မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး
နေရပ် မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး

အသေးစိတ်

ကဗျာဆရာ - ကေဇဝင်း အမည်အရင်း -ချမ်းသာဆွေ ဦးကျော်ဆွေ+ဒေါ်ဝင်းမေ-တောင်သူလယ်သမားမိဘနှစ်ပါးက စစ်ကိုင်းတိုင်း၊ ဆာလင်းကြီး၊ လက်ပံတောင်းရွာ (၁၉၈၂)မှာ မွေးဖွားပြီးသားကြီးသြရသဖြစ်တယ်။ ၁၆ နှစ်အရွယ်ကနေ ပဲခူးဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းလိုအထိမ်းအမှတ်မဂ္ဂဇင်းတွေမှာ ကဗျာစရေးတယ်။ ၂၀၀၄ အတွင်သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာ “ဇာတ်သိမ်း ကဗျာနဲ့၊ First Eleven Sport Journal တွေ မှာ ကဗျာတွေ စတင်အဖော်ပြခံရတယ်။ ၂၀၀၉-၂၀၁၀ ကစလို့ ကဗျာအချို့၊ နိုင်ငံ ရေးဆောင်းပါးအချို့ကို မောင်းချင်းဆွေ(သလ္လာမြေ)၊ ချမ်းဆွေ၊ခမ်းမွန်လဗ်၊ ခမ်းမွန်၊ မိုးကေခမ်း ကလောင်အမည်တွေအသုံးပြုပြီး ရေးသားခဲ့တယ်။ ရာမွန်သို့ ပြန်စာ တစ်ကိုယ်တော် ကဗျာလုံးချင်းထုတ်ဝေခဲ့။ ရည်စူးသူမိန်းမပျိုနဲ့ ဘဝတည်ဆောက်ဖို့ ဂျပန်နိုင်ငံကို စိုက်ပျိုးရေးလုပ်သားအဖြစ် သွားရောက်လုနီးမှာ ဒီမိုကရေစီပညာရေး(ပင်မသပိတ်စစ်ကြောင်း) ကျောင်းသားလှုပ်ရှားမှုကို ဝန်းရံသူအဖြစ်နဲ့ လက်ပံတန်းမှာ ဖမ်းဆီးခံရပြီး မတရားတဲ့ပုဒ်မငါးခုကို သာယာဝတီထောင် မှာ ထိန်းသိမ်းခံရ။ လွတ်မြောက်ပြီး နောက် မုံရွာမှာ နေထိုင်ပြီး မြန်မာစာပြ ပရဟိတ ကျောင်းဆရာ၊ အနောက်မြောက်လွင်ပြင် ကဗျာဆု အဖွဲ့ဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာ ဆရာများ သမဂ္ဂ အဖွဲ့ဝင် အဖြစ် အားသွန်ခွန်စိုက်ဆောင်ရွက်။ အဖမ်းဆီးခံ ကျောင်းသား သမဂ္ဂရဲဘော် များကို ထောင်ဝင်စာ မပျက်မကွက် တွေ့ ပြီး တတ်နိုင်ရာ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်၊ နွေဦးတော်လှန်ရေး စတင်ကတည်းက မုံရွာသပိတ်စစ်ကြောင်းမှာ သတ္တိရှိရှိပါဝင်ခဲ့ပြီး ၃.၃.၂၀၂၁ မုံရွာသပိတ်အကြမ်းဖက်ဖြိုခွဲခံရစဉ် ကျဆုံးသွားခဲ့ပါတယ်။