အမည် | ကိုဇင်လင်းအောင် |
---|---|
အသက် | 27 |
Date martyred | March 28, 2021 |
Place fallen | ပုသိမ် ဧရာဝတီတိုင်းဒေသကြီး |
နေရပ် | None None |
အသေးစိတ်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဘန့်ဘွေးကုန်း ညသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များ ယမန်နေ့ (မတ် ၂၈) ညက အကြမ်းဖက်ပစ်ခတ်မှုကြောင့် CDM လွှတ်တော်ဝန်ထမ်းတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူသည် အသက် ၂၇ နှစ်အရွယ် ကိုဇင်လင်းအောင်ဖြစ်ပြီး လည်ပင်း ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြိုခွင်းခံရသည့်သပိတ်စစ်ကြောင်းတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။ ကိုဇင်လင်းအောင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသည့် ဧရာဝတီတိုင်းလွှတ်တော် ဥယျာဉ်မှူးတစ်ဦးဖြစ်သည်။ (Source: Myanmar Now)
Photos 1