
အမည် | ဦးကျော်ဇင်လတ် (ခ) ဦးရှည်ကြီး (ခ) ဦးခိုင်ထူး |
---|---|
အသက် | 41 |
Date martyred | March 12, 2021 |
Place fallen | မြသီတာ မင်္ဂလာဒုံ None |
နေရပ် | မြသီတာ မင်္ဂလာဒုံ ရန်ကုန် တိုင်းဒေသကြီး |
အသေးစိတ်
မင်္ဂလာဒုံမြို့နယ် ၊မြသီတာရပ်ကွက်မှာ ပြည်သူ့လုံခြုံရေးအတွက် ညကင်းစောင့်နေတဲ့ ပြည်သူတစ်ဦးကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်က ယနေ့ နံနက် ၁ နာရီကျော်အချိန်မှာ အမေးအမြန်းမရှိပစ်သတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ပေါင်မှာဒဏ်ရာရရှိသူတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ညတစ်နာရီကျော်လောက်မှာ ကားမပါဘဲနဲ့ သူတို့(စစ်ကောင်စီလက်နက်ကိုင်တပ်)ရောက်လာပြီးတော့ တာဝန်ရှိတဲ့သူတစ်ယောက်ထွက်ခဲ့ပါလို့ ခေါ်တော့ ရပ်ကွက်ကသံပုံးတီးပြီး ဘယ်သူလဲ ဘယ်သူလဲလို့ပြောတဲ့အချိန်မှာ သူတို့က ဓာတ်မီးနဲ့ထိုးပြီးတော့စပစ်တာပဲ"လို့ကွယ်လွန်သူရဲ့ မိသားစုဝင်တစ်ဦးက ဖိုတိုဒါနကိုပြောပါတယ်။
ယဉ်မောင်းလုပ်သားတစ်ဦးဖြစ်တဲ့ ကျော်ဇင်လတ်(ခ)ခိုင်ထူး(ခ)အရှည်ကြီး အသက် ၄၁ နှစ်ဟာ ညာဘက်ရင်အုံမှာ ကျည်အစစ်နဲ့ပစ်ခတ်တဲ့ဒဏ်ရာကြောင့် ပစ်ခတ်ခံရတဲ့နေရာမှာတင်ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။
Photos 2