ကိုအောင်ပိုင်ထွေး

အမည် ကိုအောင်ပိုင်ထွေး
အသက် 30
Date martyred April 4, 2021
Place fallen တောင်ကြီး ရှမ်း (တောင်)
နေရပ် None None

အသေးစိတ်

တောင်ကြီး (4.4.2021) စစ်တပ်က အကြမ်းဖက်ဖမ်းဆီး‌ခေါ်ဆောင်သွားပြီး အကြမ်းဖက်ရိုက်နှက်ခံရပြီး ကျဆုံး။ 4.4.2021 ညက တောင်ကြီးမှမီးလောက်တာကို ငြိမ်းပေးတဲ့ကောင်လေးကို ဖမ်းသွားပြီး ကလိမ်ကျစ်ဉာဏ်ဆင်ပြီး MRTV မှာပါလာပါတယ်။ သူ့လက်ထဲ မီးငြိမ်းဖို့ရေပုံးတပုံးပဲပါတာကို MRTV က ဘယ်လိုသတင်းကြေငြာလဲဆို ၄ရက်၄လ၂၀၂၁ခုနစ် ည၈နာရီအချိန်တွင် တောင်ကြီးမြို့နယ်ရှိရက်ကွက်အုပ်ချုပ်ရေးမူးရုံးမီးလောင်ခဲ့ရာ မီးသတ် ကား၁၀စီး(ဆယ်စီးမပြောနဲ့ တစ်စီးတောင်လာဖို့ခတ်ပါတယ်။ liveကြည့်တဲ့သူဆိုသိပါမယ် တော်တော်နဲ့မလာတာပါ) ဖြင့်ငြိမ်းသတ်ခဲ့ရာ ၈နာရီ၂၀မိနစ်တွင်ငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းအခင်းဖြစ်ပွားရာ ပုံပါကောင်လေး (နာမည်မသ်ိလို့ပါ) သည် toyota mark2 ဖြင့်အကြမ်းမောင်းနှင်လာပီး ရဲများကို တိုက်ကာထွက်ပြေးခဲ့ပီး ၎င်းကားကို အမိဖမ်းမိစဉ် ကားအတွင်းရှိ လောင်စာဆီထည့်ထားပီးပုလင်းအဝတွင်ပိတ်စစွတ်ထားသော ပုလင်း၂လုံးကိုရှာဖွေတွေရှိရသဖြင့် ဖမ်းဆီး အရေးယူလိုက်ပါကြောင်းတဲ့ မတရားဖမ်းဆီးခြင်းခံရပြီး အကွက်ဆင်ခံရတာပါ။
Photos 2

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.