ကိုစည်သူ

အမည် ကိုစည်သူ
အသက် 37
Date martyred March 13, 2021
Place fallen သာကေတ သုမနလမ်း ညဘက်သပိတ် ရန်ကုန် တိုင်းဒေသကြီး
နေရပ် အမှတ် ၉၂၈၊ မာန်ပြေ အရှေ့ (၃)လမ်း၊ ၂/တောင်ရပ်ကွက်၊ သာကေတမြို့နယ် ရန်ကုန် တိုင်းဒေသကြီး

အသေးစိတ်

မတ်လ ၁၂ရက်နေ့ညပိုင်းက သာကေတ သုမနလမ်း ညဘက်သပိတ်မှာ အိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခံရတဲ့ လူငယ်(၃)ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းမှာ သွားရောက်တောင်းဆိုကြရာ ရဲများက မတ်လ ၁၃ ရက်၊ နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်ပစ်ခတ်ခဲ့ရာ သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်၊ မာန်ပြေ ၃ လမ်းမှ ပြည်သူနှစ်ဦးသေဆုံးခဲ့သည်။ သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်ပြည်သူများသည် မတ် ၁၂ ရက်၊ ည ၁၀ နာရီခန့်တွင် မာန်ပြေ ၅ လမ်းထိပ်၌ ညသပိတ်ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ရဲများက ညသပိတ်ဆောင်ရွက်သူများကို အသံဗုံးများ၊ ကျည်အစစ်များဖြင့် ဖြိုခွင်းခဲ့ပြီး ဆန္ဒပြပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။
Photos 2

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.