ကိုနေမျိုးကျော် (ခ) ကိုနေမျိုး

အမည် ကိုနေမျိုးကျော် (ခ) ကိုနေမျိုး
အသက် 38
Date martyred March 22, 2021
Place fallen မန္တလေး မန္တလေး တိုင်းဒေသကြီး
နေရပ် မန္တလေး စက်မှု ၂ ပြည်ကြီးတံခွန်မြို့နယ် မန္တလေး တိုင်းဒေသကြီး

အသေးစိတ်

အသက် (၃၈ )နှစ်အရွယ် ကိုနေမျိုးကျော်(ခ)နေမျိုးသည် ယမန်နေ့က မန္တလေးမြို့၊ မြရည်နန္ဒာရာအိမ်ရာဝင်းအတွင်း သေနတ်ဒဏ်ရာထိမှန်သူများကို ကူညီကယ်ဆယ်ရန် လမ်းပေါ်ထွက်သည့်အချိန်တွင် လမ်း ၆၀၊၆၁ ကြား (ဇ)ရပ်ကွက်၌ စစ်ကောင်စီလက်နက်ကိုင်များနှင့် ပက်ပင်းတိုး၍ ပစ်ခတ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ လက်နက်ကိုင်များ ရောက်ရှိလာချိန်တွင် ထွက်ပြေးသော်လည်း ရပ်ကွက် လူနေလမ်းကြား အတွင်းပိုင်းအထိ လိုက်လံပစ်ခတ်ခံရသဖြင့် ကျည်ဆန်သည် ရင်ဘတ်သို့ ထုတ်ချင်းဖောက်ကာ ကျဆုံးကြောင်း သိရသည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် နှစ်နှစ်အရွယ်သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ကိုနေမျိုးကျော်သည် "စုအင်အား "၊ " အမေ့မျိုးဆက်" နှင့် " Mdy Online " ပရဟိတအဖွဲ့တို့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရေဘေး၊ မီးဘေးနှင့်လူမှုကူညီရေးများကူညီဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ (Source: Myanmar Now)
Photos 4

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.