မောင်ထွဋ်မြတ်လင်း (ခ) ရှမ်းကရင်

အမည် မောင်ထွဋ်မြတ်လင်း (ခ) ရှမ်းကရင်
အသက် 13
Date martyred March 17, 2021
Place fallen ကော့သောင်း တနင်္သာရီ တိုင်းဒေသကြီး
နေရပ် ဘုတ်ပြင်းမြို့ ၊ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊တောင်ငယ်ကျေးရွာ တနင်္သာရီ တိုင်းဒေသကြီး

အသေးစိတ်

(၁၆.၃.၂၀၂၁)ရက် ည(၈)နာရီဝန်းကျင်ခန့်တွင်တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့ ၊ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊တောင်ငယ်ကျေးရွာတွင် ကျောင်းသားငယ်တစ်ဦးကို ပြည်သူ့စစ်အဖွဲ့အစည်းမှ သေနတ်ဖြင့် ဝမ်းဗိုက်ကို ပစ်ခတ်ခြင်းခံလိုက်ရပါတယ်။ ဖြစ်စဉ်မှာ ၈တန်းကျောင်းသား ရှမ်းကရင် (ခ)ထွဋ်မြတ်လင်းသည် အကိုနဲ့အစ်မဖြစ်သူ ဦးသန်းထိုက်နှင့်ဒေါ်ဝိုင်းတို့၏ ခိုင်းဆိုချက်အရ ည(၈)နာရီဝန်းကျင်တွင် တစ်ဦးတည်း ဥယျာဉ်သို့ သွားရာ ဒေါ်အိချိုလ္ဘက်ရည်ဆိုင်ရှေ့အရောက် တစ်ရွာထဲနေ ပြည်သူ့စစ်အဖွဲ့အစည်းမှ စစ်ဆေးမေးမြန်းခြင်းမရှိပဲသေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံလိုက်ရပြီး ဆိုင်ကယ်ရော လူပါ သွေးအိုင်ထဲ ပစ်လဲသွားပါသည်။ ထိုအချိန်တွင် ရပ်/ကျေးစာရေး သန်းဇော်ဦး(နာမည်စီစစ်ဆဲ)ဆိုသူသည် ကလေးမိဘများကို သွားခေါ်ပြီး ရွာထဲရှိလူများ တစ်ယောက်မှ ထွက်မကြည့်ကြရန် ထွက်ကြည့်လျှင် ကြည့်တဲ့သူအပစ်ခံရမည် ဝင်းဗိုလ်(ပြည်သူ့စစ်)အမိန့်ဟုပြောဆိုခြိမ်းခြောက်ခဲ့ပါသည်။အဆိုပါ ကလေးငယ်၏မိဘများ ရောက်ရှိလာ၍ ဆေးရုံသို့အသွား လမ်းခုလတ်တွင် သေနတ်ဒါဏ်ရာကြောင့် သွေးထွက်လွန်၍ သေဆုံးခဲ့ရကြောင်းသိရှိရပါသည်။ (source: https://www.facebook.com/kyawyein.shine/posts/480646903129637)
Photos 3

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.