ကိုထွန်းထက်အောင် (ခ) ဖိုးငယ်

အမည် ကိုထွန်းထက်အောင် (ခ) ဖိုးငယ်
အသက် 24
Date martyred March 18, 2021
Place fallen မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး
နေရပ် ယင်းမာပင် စစ်ကိုင်းတိုင်းဒေသကြီး

အသေးစိတ်

လမ်းတွင်ထိုင်သပိတ်ပြုလုပ်ပြီး မတ်လ၁၅ရက်နေ့က မုံရွာကျောက္ကာလမ်းတွင် ဖမ်းဆီးရိုက်နှက်ခံရသော အလုံမုန်တိုင်ရပ် သစ်တောဌာန တောခေါင်း ကိုထွန်းထက်အောင် ယနေ့ ကျဆုံးကြောင်းကို လူထုအား ကြေညာခဲ့သည်။ ဖမ်းဆီးခံရစဉ် အတောအတွင်း စစ်တပ်နှင့် ရဲ​၏ ရိုက်နှက်ခံထားရမှုကြောင့် ခေါင်းတွင်သွေးခဲနေခဲ့ပြီး ယင်းအတိုင်း အချိန်လွန်၍ ပစ်ထားခံရကြောင်း၊ မုံရွာဆေးရုံကြီးတွင် မနိုင်သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်းယနေ့နံနက်တွင် ကျဆုံးသွားခဲ့ကြောင်း ကော်မတီ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Source: မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)
Photos 2

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.