ကိုဇော်မျိုးဦး

အမည် ကိုဇော်မျိုးဦး
အသက် 44
Date martyred March 21, 2021
Place fallen မန္တလေး မန္တလေး တိုင်းဒေသကြီး
နေရပ် None None

အသေးစိတ်

ပြည်ကြီးတံခွန်မြို့နယ် ပြည်ကျော်ဈေးအနီးတွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်များပစ်ခတ်မှုကြောင့် ထပ်မံသေဆုံးခဲ့သူတစ်ဦးမှာ အသက် ၄၄ နှစ်အရွယ် ကိုဇော်မျိုးဦးဆိုသူ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မိသားစုဝင်တစ်ဦးက အတည်ပြုသည်။ "သူလည်း ရပ်ကွက်ကင်းသမားပဲ။ သေနတ်သံကြားလို့လမ်းထိပ်ထွက်ကြည့်ရင်း လည်ပင်းကိုမှန်သွားတာ။ ကျွန်တော်တို့လက်ပေါ်တင် သူကအသက်မရှိတော့ဘူး။ သူ့ကိုရပ်ကွက်ကပြန်သယ်နေချိန် စစ်တပ်ကလူတွေက သေနတ်နဲ့ပစ်ပြီး သူ့အလောင်းကိုဆွဲသွားကြတာမို့ ကျွန်တော့်အကိုတစ်ယောက်ပဲ အသေခံမယ်။ အများတော့ အသေမခံနိုင်တော့ဘူးဆိုပြီး ရပ်ကွက်က လူတွေကို လက်လွှတ်ခိုင်းလိုက်တော့တာ" ဟု သေဆုံးသူ ကိုဇော်မျိုးဦး၏ ညီမမစုစုထွေးက Myanmar Now ကိုပြောသည်။