ဦးဝင်းလှိုင်

အမည် ဦးဝင်းလှိုင်
အသက် 51
Date martyred March 11, 2021
Place fallen Dawei တနင်္သာရီ တိုင်းဒေသကြီး
နေရပ် ထားဝယ်၊ ကြက်စားပြင်ရပ်ကွက် တနင်္သာရီ တိုင်းဒေသကြီး

အသေးစိတ်

မတ်လ ၁၁ ရက်ညက ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက် အဝင်လမ်းတစ်ခု ဖြစ်သည့် သံတံတားအနီးတွင် ပြည်သူများပိတ်ထားသည့် လမ်းအား စစ်သားများ လာရောက်ဖယ်ရှားချိန်တွင် ကင်းစောင့်နေသူများနှင့် ရပ်ကွက်သားများက သံပုံးတီး၍ အော်ဟစ်ကြသည်ကို ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ညကင်းစောင့်နေစဉ် ကျည်ဆံထိမှန်ခဲ့သည့် ဦးဝင်းလှိုင်ကို ကူညီရန်လာသည့် အရေးပေါ်လူနာတင်ယာဥ်တစ်စီးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ရန် အချိန်မိနစ်သုံးဆယ်ကျော် နောက်ကျခဲ့ရပြီး ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်။
Photos 2

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.