ဦးဇော်မြတ်လင်း

အမည် ဦးဇော်မြတ်လင်း
အသက် None
Date martyred March 9, 2021
Place fallen ရွှေပြည်သာ ရန်ကုန် တိုင်းဒေသကြီး
နေရပ် ရွှေပြည်သာ None

အသေးစိတ်

စုအသက်မွေးဝမ်းကျောင်းသိပ္ပံ-ရွှေပြည်သာ၊ တာဝန်ခံ), ၈-၃-၂၀၂၁ တွင် အဖမ်းခံရပြီး ၉-၃-၂၀၂၁ တွင် ကျဆုံးသည် ရွှေပြည်သာ NLD ပါတီဝင် စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက မတ်လ ၈ ရက်​နေ့ညပိုင်းတွင် ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အ​လောင်းထုတ်ယူရန်​ပြောဆိုခဲ့သည်။ ယ​နေ့တွင် ဦး​ဇော်မြတ်လင်း၏နာ​ရေး​ဆောင်ရွက်ရာ အ​လောင်းမှာ အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေသည်ဟု NLD ပါတီဝင်များက အတည်ပြု​​ပြောသည်။ ဦးဇော်မြတ်လင်း Case ကို မှုခင်းဆရာဝန်ကြီး တစ်ဦးရဲ့မှတ်ချက် အရမူ မသေခင် အချိန်တွင် အဓိက ပင်မသွေးကြောများ ဝမ်းဗိုက်ကို ဓားမဟုတ်ပဲ စကေဘာသို့မဟုတ် အပေါက်ဖောက်သော စူးပွား မော်တာဖြင့်မွှေထားပုံရပြီး ပါးစပ်အတွင်းသို့ အပြင်းစား အက်ဆစ်ရည်တစ်မျိုးလောင်းထည့်ကာ နိပ်စက် ထားခြင်းဖြစ်နိင်ကြောင်းနှင့် ဝါယာရှော့ဖြင့် ရှော့တိုက်နှိပ်စက်ထားခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။😢 ဪ ဘယ်လိုတောင် ယုတ်မာလိုက်ပါလိမ့် ********************************************* #ဆရာကြီး (ဇော်မြတ်လင်း ) ကျွန်တော်တို့ကျောင်းကို ရဲတွေဝိုင်းထားတယ်တဲ့ ဆရာကြီးပြေးတော့တဲ့။ အေး အေးကွာ ဆရာပြေးနှင့်ပီတဲ့...... #အန်တီ( ဆရာ့ဇနီး )ဆရာကြီးကိုလာဖမ်းတာ ဆရာကြီးတော့ ပါမသွားဘူးတဲ့ ဆိုင်ကယ်၆စီးနဲ့ ကားတစ်စီးရယ် ကွန်ပျူတာတွေရယ်ယူသွားတယ်တဲ့ ပိုက်ဆံတွေလဲ ၂၀၀တန် တစ်ရာတန်ပဲ ချန်ခဲ့တယ်တဲ့ #နောက်ထပ်သုံးနာရီလောက်ကြာတော့ ရဲသားတစ်ယောက် အန်တီကဦးဇော်မြင့်လင်း ဇနီးလားတဲ့ ဟုတ်ပါတယ်သားရယ် ဘာလို့လဲတဲ့ ဒီဖုန်းနံပါတ်ကို ဆက်လိုက်ပါတဲ့ ဘာလို့လဲ သားရယ် အန်တီကိုရှင်းအောင်ပြောပါတဲ့ အန်တီအဲ့ဒီဖုန်းသာဆက်လိုက်ပါတဲ့ # ဟဲလို ရွှေပြည်သာရဲစခန်းကပါတဲ့ အန်တီဘာမှမသိသေးဘူးလားတဲ့ ဘာမှမသိသေးပါဘူးသားရယ် ဆိုတော့ ကုတင်တစ်ထောင်စစ်ဆေးရုံမှာ အန်တီအမျိုးသားအလောင်းကို လာအတည်ပြုပေးပါတဲ့ ဪ # အလောင်းကိုပိတ်ဖြူနဲ့ပါတ်ထားတယ် ကျောမှာ အချွန်နဲ့ထိုးခံထားရတယ် ဗိုက်ပွင့်ပြီး အူတွေထွက်နေတယ် အတော်နက်တဲ့ကျဉ်ဆံအပေါက်လည်းတွေ့တယ်တဲ့ အလောင်းကိုကြိုထုတ်လို့မရဘူး သဂြိုလ်ခါနီးရင် လာယူ ခွင့်ပြုတယ်တဲ့
Photos 7

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.

Videos

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.

Lie from state media