အမည် | ကိုအောင်ကိုဦး |
---|---|
အသက် | 29 |
Date martyred | March 28, 2021 |
Place fallen | တောင်ဒဂုံ ရန်ကုန် တိုင်းဒေသကြီး |
နေရပ် | တောင်ဒဂုံ ၁၉ ရပ်ကွက် ရန်ကုန် တိုင်းဒေသကြီး |
အသေးစိတ်
မနေ့က မတ် ၂၈ ရက်နေ့ညက စစ်တပ်နဲ့ရဲတွေဟာ လမ်းတွေပေါ်က အတားအဆီးတွေကို ရှင်းလင်းရင်း နေအိမ်တွေ၊ လမ်းသွယ်တွေထဲကို အကြောင်းမဲ့ပစ်ခတ်ခဲ့ကြသလို လမ်းပေါ်ထွက်သူတွေကိုလည်း အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ နှစ်ဦးရဲ့ အလောင်းတွေကို မတ် ၂၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှ ရပ်ကွက်နေသူတွေက လိုက်ကောက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ဒဂုံ ၁၉ ရပ်ကွက်က အသက် ၂၉ နှစ်အရွယ် ကိုအောင်ကိုဦး ဟာ မတ် ၂၈ ရက်နေ့ နေ့ခင်းပိုင်းက လမ်းပေါ်ခဏထွက်တဲ့အချိန် ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
(ကျန်ရစ်သူ - ဇနီး ၊ ၇နှစ်အရွယ် သားလေးနှင့် ၁နှစ်၁လကျော် သမီးလေး)
Photos 1