ဆလိုင်းကျူံးလျန်ကျဲအို

အမည် ဆလိုင်းကျူံးလျန်ကျဲအို
အသက် 25
Date martyred March 17, 2021
Place fallen ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီး
နေရပ် ကလေးမြို့ တောင်ဖီလာရပ်ကွက် ချင်း ပြည်နယ်

အသေးစိတ်

ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် အသက် (၂၅) နှစ်အရွယ် Salai Cung Lian Ceu စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။ Salai Cung Lian Ceu သည် ရဲနှင့်စစ်တပ်များ ပစ်ခတ်နေသည် သတင်းကြားသဖြင့် ဆန္ဒပြပွဲသို့ လိုက်ပါသွားသည့် ညီမလေးကို ကယ်တင်ရန် သွားရောက်စဉ် ညီညီထွန်းလက်ဘက်ရည်ဆိုင်နားတွင် ပစ်ခတ်ခံခဲ့ရပါသည်။ ဆေးရုံသို့ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ရဲကားများ ပိတ်ပင်ထားသဖြင့် အချိန်မှီမရောက်ရှိနိုင်ပဲ ရင်ဘတ်ကို ကျည်ထိ့မှန်ကာ အဆုတ်ထိပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းထပ်မံရရှိခဲ့ပါသည်။ Salai Cung Lian Ceu သည် မန္တလေးမြို့တွင် သာသနာပြုနေသူဖြစ်ပြီး ကလေးမြို့သို့ ပြန်လည်ရောက်ရှိလာသည်မှာ (၅)ရက်သာ ရှိပါသေးသည်။ (Source: Chin World)
Photos 5

Photos and videos are collected from internet (mostly from Facebook). We don't own any of the photos and videos. We will hide any media of the fallen heroes upon request of family members.

photo for ဆလိုင်းကျူံးလျန်ကျဲအို
Salai Cung Lian Ceu ၏ ရုပ်ကလာပ်သဂြိုလ်မှုအစီအစဥ်၌ ​တွေ့ရသော မွေးမိခင်။