ဦးလင်းလင်းကျော်

အမည် ဦးလင်းလင်းကျော်
အသက် 43
Date martyred March 14, 2021
Place fallen သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန် တိုင်းဒေသကြီး
နေရပ် သင်္ဃန်းကျွန်း သမာဓိ ၂ လမ်း ရန်ကုန် တိုင်းဒေသကြီး

အသေးစိတ်

အသက် ၄၃ နှစ်အရွယ်ရှိ ကိုလင်းလင်းကျော်ဟာ ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သင်္ဃန်းကျွန်း AKK အနီး၌ ရဲနှင့်စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ကာ ကျဆုံးခဲ့ရပါတယ်။ ကိုလင်းလင်းကျော်အား ထိမှန်သွားသော ကျည်မှာ ပြင်းအားကောင်းသော ကျည်အမျိုးအစား ဖြစ်ပြီး ဝမ်းဗိုက်မှ ကျည်ဖောက်ထွက်ပြီးနောက် နောက်ထပ်လူနှစ်ယောက်ကို ထိမှန်သွားကြောင်း သိရပါတယ်။ ကိုလင်းလင်းကျော်ဟာ သင်္ဃန်းကျွန်း သမာဓိ ၂ လမ်းမှာ နေထိုင်တာဖြစ်ပြီး ကျဆုံးချိန်မှာ ဇနီးဖြစ်သူနှင့် ကလေးငယ်လေး ကျန်ရစ်ခဲ့ပါတယ်။