
အမည် | ဦးဂွမ်ကြည် |
---|---|
အသက် | 37 |
Date martyred | March 15, 2021 |
Place fallen | မြိတ် တနင်္သာရီ တိုင်းဒေသကြီး |
နေရပ် | မြိတ် တနင်္သာရီ တိုင်းဒေသကြီး |
အသေးစိတ်
မြိတ်မြို့ ၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်ရပ်ကွက်တွင် မတ်လ ၁၅ ရက်နေ့ ဆန္ဒပြ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ တစ်ဦး ကျဉ်အစစ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်ဦး ကျဆုံးခဲ့ပါတယ်။
အဆိုပါ အသတ်ခံရသူ ဦးဂွမ်ကြည်က မတ်လ ၁၅ ရက်နေ့ မြိတ်မြို့ လူငယ် သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက် ဖြိုခွင်းနေချိန် အိမ်အတွင်းမှ ဓားယူထွက်ခဲ့ရာမှာ စစ်တပ်ကနေခြောက်လှန်ပစ်ခတ်ရာ ပထမ တစ်ချက်မှာ လက်မှာထိခဲ့ပြီး ၊ ဒုတိယ် တချက်မှာ ဝမ်းဗိုက်မှာ ထိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးပြောပြချက်အရ သိရပါတယ်။
ဦးဂွမ်ကြည် လဲနေရာ ပြည်သူတွေ အနေနဲ့ သွားရောက် ယူကောက်ခွင့် မရှိခဲ့သဖြင့် စစ်တပ်ကနေပြီး သယ်ယူသွားကြတာဖြစ်ပါတယ်။
မတ်လ ၁၅ ရက်နေ့ ညနေမှာ ဦးဂွမ်းကြည်သေဆုံးကြောင်းကို မိသားစုထံကို မြိတ်မြို့ ကုတင် ၁၀၀ ဆေးရုံမှ အတည်ပြုစာရောက်လာခဲ့တာဖြစ်ပါတယ်။
ဦးဂွမ်းကြည့်ရဲ့ ရုပ်အလောင်းကိုတော့ မတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီ မှ မိသားစုဝင်တွေက ပြန်လည်ထုတ်ယူခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ မတ်လ ၁၇ ရက်နေ့ နေ့လည် ၂း၀၀ နာရီချိန် ကလွင်သုဿန်သို့ ပို့ဆောင် သဂြိုလ်မှာ ဖြစ်ပါတယ်။
Photos 3