ကိုမင်းသူအောင် (ခ) ပြောင်ကြီး

အမည် ကိုမင်းသူအောင် (ခ) ပြောင်ကြီး
အသက် 39
Date martyred March 21, 2021
Place fallen မန္တလေး မန္တလေး တိုင်းဒေသကြီး
နေရပ် မန္တလေး မန္တလေး တိုင်းဒေသကြီး

အသေးစိတ်

မန္တလေးမြို့မှာ မတ်လ ၂၁ ရက်တွင် ၁၂၀ လမ်း၊ ၅၀နှင့် ၅၁ လမ်းကြား၊ မင်းကြီး‌ရန်နောင်လမ်းက အမှတ် ၁၀ မူလတန်းလွန်ကျောင်းမှာ လက်နက်ကိုင်တွေ တပ်စွဲပြီး ညပိုင်းမှာ နီးစပ်ရာ ရပ်ကွက်အတွင်းကို ပစ်ခတ်လို့ လေးဦးကျဆုံးခဲ့ရပါသည်။ တစ်ဦးမှာ အသက် ၃၉ နှစ်အရွယ် မင်းသူအောင် (ခ) ပြောင်ကြီးဆိုသူဖြစ်ပြီး ယမန်နေ့ည ၁၁ နာရီခွဲအချိန်က သင်ပန်းကုန်းရပ်ကွက် မင်းကြီးရန်နောင်လမ်းတွင် သေနတ်ပစ်ခံရပြီးနောက် ရင်ဘတ်ထုတ်ချင်းပေါက် ဒဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်း၏ရုပ်အလောင်းကို မိသားစုက ဝှက်ထားခဲ့ရပြီး ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မီးသဂြိုဟ်ခဲ့ရသည်ဟု သိရသည်။ (Source: Myanmar Now)