အမည် | ကိုအောင်အောင်ဇော် (ခ) ကိုအောင်သန်း |
---|---|
အသက် | 41 |
Date martyred | March 13, 2021 |
Place fallen | သာကေတ သုမနလမ်း ညဘက်သပိတ် ရန်ကုန် တိုင်းဒေသကြီး |
နေရပ် | အမှတ် ၈၉၈၊ မာန်ပြေ (၃) လမ်းအနောက်၊ ၂/တောင်ရပ်ကွက်၊ သာကေတမြို့နယ် ရန်ကုန် တိုင်းဒေသကြီး |
အသေးစိတ်
မတ်လ ၁၂ရက်နေ့ညပိုင်းက သာကေတ သုမနလမ်း ညဘက်သပိတ်မှာ အိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခံရတဲ့ လူငယ်(၃)ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းမှာ သွားရောက်တောင်းဆိုကြရာ ရဲများက မတ်လ ၁၃ ရက်၊ နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်ပစ်ခတ်ခဲ့ရာ သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်၊ မာန်ပြေ ၃ လမ်းမှ ပြည်သူနှစ်ဦးသေဆုံးခဲ့သည်။
သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်ပြည်သူများသည် မတ် ၁၂ ရက်၊ ည ၁၀ နာရီခန့်တွင် မာန်ပြေ ၅ လမ်းထိပ်၌ ညသပိတ်ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ရဲများက ညသပိတ်ဆောင်ရွက်သူများကို အသံဗုံးများ၊ ကျည်အစစ်များဖြင့် ဖြိုခွင်းခဲ့ပြီး ဆန္ဒပြပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။
Photos 1