ဒေါ်စန္ဒီးမား

အမည် ဒေါ်စန္ဒီးမား
အသက် 38
Date martyred March 14, 2021
Place fallen Bago ပဲခူး (အရှေ့)
နေရပ် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက် ပဲခူး (အရှေ့)

အသေးစိတ်

စစ်တပ်နှင့် ရဲ၏ ပစ်ခတ်မှုကြောင့် မတ်လ ၁၄ ရက် နေ့လည်ပိုင်းတွင် သေနတ်ကျည်ထိမှန် ကွယ်လွန်သွားသော အသက် (၃၈) နှစ်အရွယ်ရှိ ဟိန္ဒူအမျိုးသမီးဒေါ်စန္ဒီမား၏ နာရေးကို ၎င်းနေထိုင်ရာ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက် ၊ ဘဲတန်း ဟိန္ဒူဘုရားကျောင်းအနီးရှိ နေအိမ်တွင် ပြင်ဆင်ထားသည်။ ဒေါ်စန္ဒီးမားသည် မုဆိုးမတဦးဖြစ်ပြီး သူမ၏ သားသမီး (၃) ဦးစားဝတ်နေရေးအတွက် အဝတ်လျှော်သည့် အလုပ်လုပ်ကာ ကျွေးမွေးနေသူလည်း ဖြစ်သည်။ အဝတ်လျှော်သည့် အလုပ်မှ ပြန်လာသော ၎င်းကို စစ်သားတဦးက မတ်လ ၁၄ ရက်နေ့ ၊ နေ့လည် ပိုင်းတွင် ပဲခူးဘူတာကုန်းပေါ်မှ ပစ်ခတ်ခဲ့သောကြောင့် ဦးခေါင်းအနောက်ဘက်သို့ သေနတ်ကျည်ထိမှန်ကာ သေဆုံးသွားခြင်းဖြစ်သည်။