ကိုဇော်မျိုး

အမည် ကိုဇော်မျိုး
အသက် 27
Date martyred March 5, 2021
Place fallen မန္တလေး မန္တလေး တိုင်းဒေသကြီး
နေရပ် ၅၂×၅၃လမ်းကြား မနော်ဟရီလမ်းမြောက်ဘက် ထွန်တုံးရပ်ကွက် မန္တလေး တိုင်းဒေသကြီး

အသေးစိတ်

Mandalay In-depth News မန္တလေး၊ မတ် ၅ ယနေ့နံနက်ပိုင်းက စစ်အာဏာရှင် ကျဆုံးရေး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မန္တလေး အင်ဂျင်နီယာများ သပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲရန် ကြိုးစားခဲ့ပြီး ပစ်ခတ်ခဲ့ရာ ၄၉လမ်းနှင့် ၁၁၁လမ်းတွင် ကျဆုံးခဲ့သည့် ကိုဇော်မျိုး၏ နာရေးကို မနက်ဖန် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်မည်ဟု မိသားစုဝင်များထံမှ သိရှိရသည်။ ကိုဇော်မျိုးသည် လည်ပင်းမှတစ်ဆင့် နှလုံးသို့ ကျည်ဆံထိမှန်ခြင်းဖြစ်ကြောင်း ဦးလေးတော်စပ်သူက ပြောသည်။ ကျဆုံးချိန်၌ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုဇော်မျိုးသည် ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားသည့် ဇနီးနှင့်အတူ အသက် ၆ နှစ်အရွယ် သားတစ်ဦးတို့ ကျန်ရစ်ခဲ့သည်။