မောင်ဇော်ဝင်းမောင်

အမည် မောင်ဇော်ဝင်းမောင်
အသက် 19
Date martyred March 25, 2021
Place fallen ခင်ဦးမြို့ စစ်ကိုင်းတိုင်းဒေသကြီး
နေရပ် မြကန်သာအရှေ့ပိုင်း၊ခင်ဦးမြို့ စစ်ကိုင်းတိုင်းဒေသကြီး

အသေးစိတ်

မတ် ၂၅တွင် ပြည်သူများက ရွှေဘို − ခင်ဦးလမ်းကို ပိတ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ခင်ဦးရဲစခန်းအနီးတွင် ရွှေဘိုအခြေစိုက် စစ်တပ်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ခင်ဦးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခု၌ ဆေးကုသမှုပေးခဲ့ကြသော်လည်း ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဝမ်းဗိုက်ထိကျည်ထိမှန်သူ အသက်၁၉နှစ်အရွယ် မောင်ဇော်ဝင်းမောင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။ (Source: Myanmar Now)